Saturday, September 29, 2007

တပ်မ၂၂ ဗိုလ်ချူပ်တင်လှ၏ သမီးမိသားစု Sydney တွင်အခြေချနေထိုင်

၁၉၈၈ အရေးတော်ပုံကြီးကို ဘယ်သူမှမမေ့နိုင်ကြသလို ဒီအရေးတော်ပုံကြီးအတွင်း လူထုကိုသွေးအေးအေးနှင့် သတ်ဖြတ်ခဲ့တဲ့ တပ်မ၂၂ ကိုလည်း ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါ။ ဒီတပ်မ၂၂ ရဲ့အရေးအခင်းအချိန်က တပ်မမှုးတာဝန်ကိုယူခဲ့တဲ့ ခွေးဘီလူးတင်လှကိုလည်း ဘယ်တော့မှမေ့နိုင်ကြမည်မထင်ပါ။ သူ့ရဲ့တာဝန်ကြေပွန်စွာ သတ်ဖြတ်ခဲ့မှုများအတွက် န၀တ၊ နအဖက ကြီးစွာသော သူကောင်းပြူခြင်းကို ခံစားစံစားခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ထင်တိုင်းကြဲ ခိုးစားမှုများကြောင့်အခြင်းခြင်း အဝေမတဲ့မှုဖြစ်ကာ နောက်ပိုင်းမှာ ဖြူတ်ထုတ်ရှင်းခံခဲ့ရပါတယ်။ အခုကြားသိရတဲ့သတင်းအရ ၎င်း၏သမီးအိအိတင်၊ သမက်မိုးတင် နှင့် မြေးနှစ်ယောက် တို့ Australia နိုင်ငံ Sydney မြို့မှာအခြေချနေထိုင်နေကြောင်းနှင့် ၎င်းတို့နှင့်အတူ ခိုးရာပါရတနာများ ပါရှိလာကြောင်း ကြားသိရပါတယ်။

1 comment:

MMEDwatch said...

thanks
we add ur blog in our blog list.

we want to copy and post in our blog

cheer,
MMEDWatch