Wednesday, October 31, 2007

စစ်ဗိုလ်ချုပ်များ၏ သားသမီးများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ

၁။ ရဲတံခွန် ဆောက်လုပ်ရေး ။

လိပ်စာ- တာမွေမြို့နယ်။ ယုဇနပလာဇာ နောက်။
ပိုင်ရှင် အောင်ဇော်ရဲမြင့်က ဗိုလ်ချုပ် ရဲမြင့်သား။ အသက် - ၂၈ နှစ်ခန့်  ။ အရပ်- ၅ပေ ၇လက်မ ခန့် ။ အိမ်ထောင်ကွဲ ။ ၂၀၀၇ ခုနစ်မှာ မီးရထားဝန်ကြီးရဲ့ သမီး အေးမြသာနဲ့ လက်ထပ်တယ်။ အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲပြီး ဆိုးသွမ်းလူငယ်တဦး ဖြစ်တယ်။ အခု လင်မယားကွဲနေတယ်။ မင်္ဂလာဆောင်ပြီး ၅လ လောက်အတွင်းမှာ ကွဲသွားတယ်။လက်ဖွဲ့ ငွေသိန်း ၁,၂၀၀ ကျော်ကျော် ရတယ်။ လင်မယား ကွဲတဲ့အခါလက်ဖွဲ့တွေကို အမျိုးသမီးက သိမ်းလိုက်တယ်။ စီးပွားရေးလောကမှာ မအေးမြသာကလည်း ငွေရရင် အကုန်လုပ်မယ် ဆိုတဲ့ သူမျိုး ဖြစ် တယ် ။ Sunday Mart စီးပွားရေးလုပ်ငန်းမှာ သူမက တစိတ်တပိုင်းပါနေတယ်။

၂။ Sun Tac ပိုင်ရှင်က စစ်တိုင်းအောင် ၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား။
ဦးအောင်ဖုန်းမှာ စစ်တိုင်းအောင်နဲ့ စစ်သွေးအောင်ဆိုတဲ့ သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်စလုံး အိမ်ထောင်ရှိတယ်။

၃။ ဆန်းဒေးမတ် Sunday Mart ( အောင်ဇော်ရဲမြင့် မိန်းမ အေးမြသာ ပိုင်တယ်။ )

၎။ အောင်ရီဖြိုးနဲ့ Rose Hill Hospital (ပိုင်ရှင်က ဦးအောင်သောင်းသား။ )

၅။ Happy Noodel - ပိုင်ရှင်- ဗိုလ်ချုပ်ကျော်ဘ ချွေးမဟောင်း ။သူ့ သား ဦးအေးထွန်းက စပ်သန္တာနွဲ့  နဲ့  ထပ်ယူထား တယ်၊ ဦး ထွန်းနိုင်ရွှေ (ဗိုလ်ချုပ်သန်းရွှေသား) မိန်းမရဲ့  သမီး ။ ယခု လက် ရှိ ပုဂံလေကြောင်းမှာ တာဝန် ယူထား ။

၆။ MICT မှာ အောင်စိုးသာအစုရှယ်ပါတယ်။ သူက ၀န်ကြီးဦးစိုးသာရဲ့ သား။

၇။ MMS Company - Super Market and Hotel Business က ကျော်မျိုးညွန့် နဲ့ ပတ်သက်တယ်။
အသက်- ၃၂ နှစ်ခန့် ။ (သူက လယ်ယာ /ဆယ်မြောင်း ၀န်ကြီးဟောင်း ဗိုလ်ချုပ်ညွန့်တင်ရဲ့ သား)
ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း ( ဂျပန်) သမီးနဲ့ ယူထားတယ်၊၊ ကျော်မျိုးညွန့်အကြောင်းကို အောက်မှာ ဆက်လက်ဖေါ်ပြထား သေးတယ်၊၊

၈။ J & J မှာ ဗိုလ်ချုပ်သန်းရွှေသား ထွန်းနိုင်ရွှေက အမည်ခံပေးတယ်။ ရာခိုင်နှုန်းအလိုက် အကြံအဖန်ရတယ်။

၉။ Herritage Golf Club က ဗိုလ်ချုပ်ဝင်းလှိုင်ရဲ့သား ၀င်းထွေးလှိုင် ရှယ်ယာ ပါတယ်။ အသက် ၂၃ နှစ်ခန့်။

၁၀။ ထူုးထရိတ်ဒင်း ။ ပိုင်ရှင် ဦးတေဇ ။ ( သူနဲ့ပတ်သက်တဲ့ အချက်အလက်အများစု ကို လူတိုင်းသိပြီး ဖြစ်နေသဖြင့် မဖေါ်ပြသေးပါ။ )

၁၁၊ ပုဂံ လေကြောင်းလိုင်း ။ ပိုင်ရှင်တေဇနဲ့ ဗိုလ်ချုပ်သန်းရွှေမိန်းမ ဒေါ်ကြိုင်ကြိုင်။

၁၂၊ Pacific High Tech စီးပွားရေးလုပ်ငန်းမှာ မင်းသက်ဦးပါတယ်။ သူ့ အဖေက သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ဖြစ်တယ်။ သူကို ကိုမင်းလို့ ခေါ်ကြတယ်။ လုပ်ငန်းတော်တော်များများမှာလည်း သူ့ ရှယ်ယာတွေ ရှိတယ်။

၁၃ -တော်ဝင် လျှပ်စစ် လုပ်ငန်းကို ဇင့်မြင်မောင် (ခ) စိုးစိုး ( ဗိုလ်ချုပ်မြင့်မောင် သမီး) နဲ့ ၀ဏ္ဏ ( ဗိုလ်ချုပ်ဝင်းမြင့်) သား တို့ စပ်တူလုပ်ကိုင်ခဲ့တယ်။ ဗိုလ်ချုပ် ၀င်းမြင့်သားက ကားတိုက်ပြီး ဆုံးသွားခဲ့တယ်။

၁၄၊ အမည်မသိသေးတဲ့ ဆေးခန်း ( ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ)

၂၀၀၆ ခုနစ် ၊ ကြည်မြင်တိုင်ဖက်မှာ ဆေးခန်းအသစ်တခုရှိတယ်။ ဆေးခန်းရှယ်ယာတွေ အများစုကို ထင်ကျော်က ပိုင်တယ်။ ထင်ကျော်က အသက် ၄၀ နှစ်ခန့် ၊ သူက ဗိုလ်မှူးချုပ်ကျော်ဝင်း ( ပြုတ်သွားတဲ့ ထောက်လှမ်းရေး။ ) သူ မိန်းမက ထွေးထွေးစိုးမင်း ဖြစ်တယ်။ ထင်ကျော်က သူအဖေ ထောက်လှမ်းရေးက ပြုတ်တော့ နိင်ငံခြားရေးဝန်ကြီးဌာနကနေ ဖယ်ရှားခံရတယ်။ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးမှာ လုပ်ခဲ့ဘူးတယ်။ အလုပ်ကပြုတ်တဲ့အချိန်မှာ ဆေးခန်းဖွင့်ပြီး ပွနေတယ်။

၁၅၊ ဖြူစိန်ဆိုင်-
ဗိုလ်ချုပ်တင်ဦး ( သေဆုံး) ရဲ့ ဒုတိယသမီး ဖြုဖြူဦး ( အဆိုတော်လုပ်တယ်။ ဖြူဆိုတဲ့နာမည်နဲ့ ဆိုတယ်။ ) ဗိုလ်ချုပ်ညွန့်တင်သား ကျော်မျိုးညွန့်နဲ့ တွဲခဲ့သေးတယ်။ ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း သမီး ရွှေယမင်းဦးနဲ့ ယူထားတယ်။ ဖြုဖြူဦးနဲ့လည်း ခုထိ တွဲနေသေးတယ်။

ကျော်မျိုးညွန့်က ဖြုဖြူဦး အတွက် - ဖြူ - ဆိုတဲ့ စိန်ဆိုင် ကို ဗိုလ်ချုပ် ဈေး မျက်နှာစာတန်းမှာ ဖွင့်ပေးထားတယ်။ ဖြူဖြူဦး အမက ချိုလဲ့ဦး ဖြစ်တယ်။ သူမက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်။
သူ့  ယောက်ျား မောင်မောင်ကျော်က စသုံးလုံး ဒုတိယ - ညွန်ကြားရေးမှူးချုပ် လက်ရှိတာဝန်ယူဆဲ။

ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က ဖြူဖြူဦးကို ဖမ်းဖို့ ကြိုးစားသေးတယ်။ ၂၀၀၄ ခုနစ်ဝန်းကျင်မှာ ဖြူဖြူဦး ဟောင်ကောင်း ရတနာပြပွဲကို သွားတယ်။ မြန်မာပြည်က ရတနာတွေကို ခိုးထုတ်တယ်။ ခင်ညွန့် ထောက်လှမ်းရေးအဖွဲ့က လေဆိပ်မှာ ဖမ်း တယ်။ ဒါပေမဲ့ ဖြူဖြူ ဦးကိုယ်စား သူရဲ့ တပည့်မက အဖမ်းခံလိုက်ရတယ်။ အခု ထိထောင်ထဲမှာပဲ ရှိတယ်။ ဒီမိန်းမ က မကွေး ဇာတိ ဖြစ်တယ်။ ဒီမိန်းနဲ့ ဗိုလ်မှူး မောင်မောင်ကျော်တို့ ငြိစွန်းခဲ့ဘူးတယ်။ ဒီမိန်းမဟာ အိမ်ထောင်ရှိသူ ဖြစ်တယ်။

၁၆။ ဒိုင်းမွန်း ပဲလေ့စ် ကုမ္ပဏီ -က အင်လျားမြိုင်ထဲမှာ ရှိတယ်။ မဝေေ၀သာက ပိုင်ရှင်ဖြစ်တယ်။
သူမက အသက် ၅၀ ခန့်။သူမ အရင် ယောက်ျားက ဗိုလ်ကြီးမောင်မောင်သိန်း ဖြစ်တယ်။ သူမနဲ့ ဗိုလ်မှူး မောင်မောင်ကျော်
(ဒုတိယညွန်ကြားရေးမှူးချုပ် ထောက်လှမ်းရေးနဲ့ ရည်ငံနေတယ်။)

၁၇။ အေးရှားဝေါလ်ကုမ္ပဏီ အုပ်စု။ စတီဗင်လော - အသက် ၄၅ နစ်ခန့် ရှိတယ်။ တရုပ်ကိုးကန့် လူမျိုး၊ လောစစ်ဟန်ရဲ့ သား။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဘွဲ့ရတယ်။ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတယ်။ သူ့ ပါတနာရဲ့ မိန်းမကို သစ္စာဖေါက်ပြီး သူယူလိုက်တာ ဖြစ်တယ်။

တနိုင်ငံလုံးမှာသူ့ စီးပွားရေးတွေချည်းပဲ ဖြစ်တယ်။ ဥပမာ - ဆောက်လုပ်ရေး၊ ကြည်းမြင်တိုင်မှာ ကိုယ်ပိုင် ဆိပ်ကမ်းရှိတယ်။ လှည်းတန်း အ၀ိုင်းက မြေကွက်လပ်ကိုလည်း ပိုင်တယ်။ မန္တလေး-လားရှိုးလမ်းကို လည်း သူပိုင်တယ်။ မူဆယ်အထိ ရောက်တယ်။ တရုံးလုံးက သူ့ ကိုဆရာကြီးလို့ ခေါ်မှ ကြိုက်တယ်။ရန်ကုန်-အင်းစိန် လမ်းမပေါ်မှာ အများပိုင်မြေတွေကို မတရား သိမ်းယူခဲ့တယ်။ အိမ်ထောင်စုပေါင်း တစ်ထောင်ခန့်၊ လူဦးရေ တစ်သောင်းခန့်ကို (နအဖ) စစ်အစိုးရ နဲ့  ပေါင်းပြီး ဖယ်ရှားခဲ့တယ်။ ဒီမြေကွက်ပေါ်မှာ နန်းတော်တမျှ အိမ်ဆောက်ပြီး နေထိုင်လျှက် ရှိတယ်။ သူအိမ်ကို Google Map မှာ ကြည့်နိုင်ပါတယ်။
သူ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

၁၈။ အေဒင် ဆောက်လုပ်ရေးနဲ့ မရီနာ ရက်ဆီဒင့်- နေရာက ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတယ်။
ပိုင်ရှင်က ဦးချစ်ခိုင်။ အသက် ၆၀ ခန့်။ NLD လူဟောင်း။ ဗိုလ်ချုပ်မောင်အေးရဲ့ စနအ ( တရိစ္ဆာန်ဖြစ်တယ်။)။

၁၉၊ ကမ္ဘောဇဘဏ် - ပိုင်ရှင်က ဦးအောင်ကိုဝင်း ( ဆရာကျောင်း။) မောင်အေးရဲ့ စီးပွာရေး လက်ရုံး။

၂၀။ ဗိုလ်ချုပ်ရွေမန်းအမျိုးများအကြောင်း ( မကြာမီ ဖေါ်ပြပါမည်။ )

၂၁။ ယဉ်ဝင်းသူ MNT (Myan New Technology )
အသက် ၃၀ကျော်။ပြည်ပမှာ အနေများ ။ ဗိုလ်ချုပ်မောင်အေးသမီး နန္ဒာအေးနဲ့ ဘာလိုလို အချစ်တော် ဖြစ်ခဲ့တယ်။
နန္ဒာအေးနဲ့ အစုစပ် ကွန်ပြူတာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့် ရခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ ကျောင်းတွေကို ကွန်ပြူတာသွင်းခွင့်ရတဲ့ တဦးတည်းသော ကန်ထရိုက်တာဖြစ်တယ်။ အရမ်းကြွယ်ဝ ချမ်းသာတယ်။ စီအန်ဂျီဓါတ်ငွေ့ရည် ပရောဂျက်ကိုလည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေတယ်။ ၀ိသမစီးပွားရေးသမားတွေထဲမှာ နာမည်သိပ်မထွက်ပေမဲ့ အချမ်းသာဆုံးလို့တောင် ခန့်မှန်းရတယ်။ ၆ မိုင်ခွဲ။ စွပ်ကျယ်စက်လမ်းမှာ နေတယ်။ နန္ဒာအေးရဲ့ အချစ်တော်ဖြစ်ခဲ့ဘူးတာကြောင့် မောင်အေးသမက် အောင်သောင်း သားက သူမကို ကြည့်မရ ဖြစ်နေတယ်။

ကိုမိုးသီးရဲ့ Blog မှကူးယူဖော်ပြထားတာပါ။ http://komoethee.blogspot.com/

မြတ်မြတ်ထွန်း(ဆန်ဖရန် စစ္စကို)ကို ဥပဒေအရအရေးယူနိုင်အောင် ကြိုးပမ်းကြ၊၊

ကိုမိုးသီးခင်ဗျား

ကျနော် ဆန်ဖရန် စစ္စကိုမြို့မှာ မြန်မာတဦး ဖြစ်ပါတယ်။ ကျနော်ဟာ လူတယောက်ကို သစ္စာစောင့်သိနေတာဟာ ကိုယ်ကို မွေးကျွေးလိုက်တဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူတွေကို သစ္စာဖေါက်သလို ဖြစ်နေတာကို ခံစားလာရတဲ့အတွက် ကျနော့် မိတ်ဆွေ မြတ်မြတ်ထွန်း အကြောင်းကို ပြောပြပါတော့မယ်။

မြတ်မြတ်ထွန်းဟာ အသက် ၄၅ နှစ်ခန့်ရှိတယ်။ ဗိုလ်ချုပ်ကျော်ဘ သမက် အေးထွန်း ရဲ့ အမ အကြီးဆုံး ဖြစ်ပါတယ်။ မြတ်မြတ်ထွန်းက ဆန်ဖရန် စစ္စကိုမှာ နေတယ်။ တေဇတို့ လိုအပ်တဲ့ ဇိမ်ခံကားနဲ့ ပစ္စည်းတွေကို မြန်မာပြည်ကို ပို့ပေးနေ တယ်။ ဆန်ရှင်လုပ်နေတဲ့ကြားက ၁၉၉၇ ခုနှစ်မှာ မာစီးဒီးကား သုံးစင်း မြန်မာပြည်ကို ပို့ပေးခဲ့တယ်။ ကားတွေက ဗိုလ်ချုပ် ကျော်ဘအတွက်လို့ သိရတယ်။

ဒါပေမဲ့ ကျော်ဘက ဖြုတ်ထုတ်သတ် မိသွားတဲ့အတွက် အေးထွန်းဟာ ဗိုလ်ချုပ်သန်းရွှေရဲ့ သား ထွန်းနိုင်ရွှေကို ကပ်ရတော့ တယ်။ ကားသုံးစင်းအနက် တစီးကို ထွန်းနိုင်ရွှေ ကို လျှော့ဈေးနဲ့ ရောင်းခဲ့တယ်။ တစီးကို ဝေလွင် (ဆိုနီ) ကို ရောင်းခဲ့တယ်။ ဝေလွင် ဆိုတာက တော့ ဆိုနီ ကုမ္ပဏီ ထုတ်ပစ္စည်းတွေကို မြန်မာပြည် တင်သွင်းခွင့်ရထားတဲ့သူ ဖြစ်တယ်။ မြတ်မြတ်ထွန်း ဟာ မြန်မာပြည်နဲ့ အမေရိကန်ကို သာကေတနဲ့ ရန်ကုန်လို သဘောထားပြီး ကူးချည်သန်းချည် သွားနေသူပါ။ မြန်မာပြည်မှာ ဟော်တယ်တွေ ဖွင့်ထားတယ်။ ပုဂံမှာ သာရပ ဟော်တယ်၊ ကြပ်ပြေးနေပြည်တော်မှာလည်း ဟော်တယ်တခု ဖွင့်ထားပါ တယ်။ ကော်လိပ်ဂျင်နေ၀င်းရဲ့သမီး သန္တာနေ၀င်းပါ ဖက်စပ် ပါဝင်နေပါတယ်။ သူမဟာ တေဇတို့ လိုအပ်နေတဲ့ ဇိမ်ခံကား တွေကို ပစ္စည်းတွေကို သူ့နာမည်သုံးပြီး တင်သွင်းနေပါတယ် ခင်ဗျား။ မြတ်မြတ်ထွန်းကို အရေးယူ ဆောင်ရွက်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်။ သူဟာလည်း ဦးတေဇတို့ကို နောက်ကွယ်မှာ အားပေးနေတဲ့သူ ဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ထားတယ် ဆိုပေမဲ့ မြတ်မြတ်ထွန်းတို့ လူတွေ စစ်အစိုးရကို အသက်ဆက် ပေးနေပါတယ်။ သူတို့ဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူစားမျိုးတွေပါ။

သူ့ မောင် ထင်ပေါ်ထွန်းဆိုရင် မြန်မာပြည်မှာ ရေတပ် ဗိုလ်ကြီးဘ၀နဲ့ တာန်ထမ်းဆောင်နေရင်း အမေရိကန်ကို လာခဲ့တဲ့သူ ဖြစ်ပါတယ်။ အမေရိကန်ရောက်တော့ နိုင်ငံရေး ခိုလှုံခွင့် ယူခဲ့ပါတယ်။ နိုင်ငံရေး ခိုလှုံခွင့်အောင်သွားတော့ ဒုက္ခသည် နိုင်ငံကူး လက်မှတ်ကိုကိုင်ပြီး ယိုးဒယားကို သွားတယ်။ ယိုးဒယားမှ တဆင့် တောလမ်းကနေ မြန်မာပြည်ကို ပြန်သွားတယ်။ သူ့အကို စီစဉ်မှုနဲ့ မြန်မာနိုင်ငံကူး လက်မှတ်အသစ်ကို ထုတ်ယူပြီး ထိုင်းနိုင်ငံကို ပြန်လာတယ်။ ထိုင်းနိုင်ငံရောက်တော့ အမေရိကန် ဒုက္ခသည် နိင်ငံကူးလက်မှတ်ကို ပြန်ယူပြီး အမေရိကန်ကို ပြန်လာခဲ့ပါတယ်။ ဒီလိုလူမျိုးတွေကလည်း အတော် များများ ရှိနေတယ်လို့ ကျနော်ကြားနေရပါတယ်။ ဒီလိုလူမျိုးတွေ ဘာကြောင့် အမေရိကန်နိင်ငံမှာ ခိုလှုံခွင့် ရနေပါသလဲ ဆိုတော့ ခင်ဗျားတို့ ဒီမိုကရေစီ အင်အားစုတွေထဲက လူတချို့ရဲ့ မကောင်းမှုတွေကြောင့် ပေါ့ဗျာ။ ခင်ဗျား ဒါတွေကိုလည်း စီစစ် ထောက်လှမ်းပြီး ဖေါ်ထုတ်ပေးသင့်ပါတယ်။ သူကိုလည်း တေဇတို့လို အရေးယူ ဆောင်ရွက်ပေးပါရန် ပန်ကြားအပ် ပါတယ်။

မြန်မာတဦး
ဆန်ဖရန် စစ္စကိုမြို့။

---------------------------------------------------------------------------------------------
မိတ်ဆွေခင်ဗျား
အခုလို အဖိုးတန် သတင်းတွေကိုပေးပို့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား။
အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေအရ မြန်မာပြည်ကို စီးပွားရေးလုပ်ခွင့် မရှိကြပါဘူး၊၊ ဒါပေမဲ့ အမေရိကန်ရဲ့  ဥပဒေ တွေဟာ ဟာကွက် ယိုကွက်တွေ ရှိနေတယ်ဆိုတာ ထင်ရှားနေပါတယ်၊၊ အဓိက ကတော့ ဥပဒေသာရှိပြီး Enforcement မရှိ ဘူးလို့ ကျနော် သုံးသပ်ပါတယ်၊၊ ဒါပေမဲ့ ကျနော်တို့က ဖေါ်ထုတ်နိုင်ရင် ဒီလိုလုပ်ရပ်တွေကို ဥပဒေအရ အကြုံးဝင်လာမှာ ဖြစ်ပါတယ်၊၊ ဒါကြောင့် ကျနော်တို့ဟာ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့  မိတ်ဆွေတွေကို ပန်ကြားနေရတာ ဖြစ်ပါ တယ်၊၊ နိုင်ငံရေးခိုလှုံခွင့် ရပြီး မြန်မာပြည်ကို တရားမ၀င် ပြန်တဲ့ကိစ္စတွေ နိုင်ငံရေးခိုလှုံခွင့်ကို လိမ်လည်လျှောက်တဲ့ ကိစ္စတွေ ကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်၊၊ သတင်းရသမျှ ကျနော်တို့ကို ပေးပို့ကြဖို့ပါ ခင်ဗျာ၊၊

အောင်ပွဲသို့
မိုးသီး

ကိုမိုးသီးရဲ့ Blog မှကူးယူဖော်ပြထားတာပါ။ http://komoethee.blogspot.com/

Tuesday, October 30, 2007

Australia တွင်န၀တ၊ နအဖမိသားစုဝင်များ အခြေချနေထိုင်နေ

EU နှင့် USA တို့၏ယခင်ကတည်းကချမှတ်ထားခဲ့သော စီပွားရေးပိတ်ဆို့မှုများကြောင့် ၎င်းနိုင်ငံများသို့သွားရောက်ရန်မဖြစ်နိုင်သဖြင့် န၀တ နအဖတို့၏မိသားစုဝင်များ Australia နိုင်ငံတွင်အခြေချနေထိုင်ရန် မျက်စိကျခဲ့ကြကြောင်း ကြားသိထားပါတယ်။ အချို့မှာနေထိုင်ပြီး စီးပွားရေးလုပ်ငန်းများပင် ထူထောင်ထားပြီးဖြစ်သည် ဟု့သတင်းအချို့ကဆိုပါတယ်။ Australia နိုင်ငံရောက် မြန်မာများအနေနှင့် ၎င်းတို့၏သတင်းကိုသိရှိပါက Australia အစိုးရကိုတိုင်ကြားနိုင်ကြောင်း Australia အစိုးရမှ လိုအပ်သလိုရေးယူသွားမည်ဖြစ်ကြောင်း Australia အစိုးရနှင့်နီးစပ်သော သတင်းများအရ သိရပါတယ်။ Australia အစိုးရက မြန်မာအစိုးရမှစေလွှတ်ခဲ့သော သံအမတ်ကြီးအား စစ်အရာရှိဟောင်းဖြစ်၍ ပြန်လွှတ်ခဲ့သောသာဓကများရှိပြီိး၊ န၀တ နအဖတို့၏မိသားစုဝင်များသတင်းကို ပေးနိုင်ပါက ၎င်းတို့လည်းပြန်ပို့ခံရဖွယ်ရှိကြောင်း ကြားသိရပါတယ်။

တပ်မ၂၂ ဗိုလ်ချူပ်တင်လှ၏ သမီးမိသားစု - နောက်ဆုံးရသတင်း

Sydney မြို့မှနောက်ဆုံးရ သတင်းများအရ ဗိုလ်ချူပ်တင်လှ၏ သမီးမိသားစုဟာ အခြေချနေထိုင်ရန်လာရောက်ခဲ့ကြတာမဟုတ်ဘဲ၊ ၎င်းတို့၏ သမီးနှစ်ဦးကို ကျောင်းထား ရန်လာခဲ့ကြခြင်းဖြစ်ပြီး နှစ်လခန့်နေထိုင်လည်ပတ်ခဲ့ကြကာ မြန်မာနိုင်ငံသို့ ပြန်သွား ကြောင်းကြားသိရပါတယ်။ ၎င်းတို့၏ သမီးငယ်ကိုကျောင်းတက်ရန် ထားခဲ့ကြ ကြောင်းကြားသိရပါတယ်။ သတင်းဆက်လက်စုံစမ်းပြီး တင်ပြပေးသွားပါမယ်။

Sunday, September 30, 2007

အထွေထွေသပိတ်မှောက်ရန်နှိုးဆော်

Niknayman: အထူးအသိပေးချက် - နအဖအစိုးရ၏ ရက်စက်ရမ်းကားမှုများကို သိနေတွေ့ နေ မြင်နေ ကြားနေကြရသော အလုပ်သမားဝန်ထမ်းအပေါင်းတို့  - လာမည့်  တနင်္လာနေ့ တွင် အထွေထွေအလုပ်သမားသပိတ် စတင်ရန်အတွက်၊ အလုပ်များ ရုံးများ ကုမ္မဏီများမှအစ မည်သည့် စက်ရုံအလုပ်ရုံမကျန် လုံးဝ လုံးဝ မသွားကြရန်နှင့် ရဟန်းရှင်လူများ ဦးဆောင်လျက်ရှိသော လူထု တိုက်ပွဲကြီးနှင့်အတူ အထွေထွေအလုပ်သမားသပိတ်ကြီး စတင်ကြပါရန် အထူး၊နှိုးဆော်အပ်ပါသည်။ ပြည်သူ့ ဝန်ထမ်းဆိုသည်မှာ ပြည်သူအပေါ်သစ္စာစောင့်သိရန် ဖြစ်ပါသည်။ ဘာသာသာသနာနှင့် လူမျိုးကို ဖျက်ဆီးနေသော နအဖအား စောင့်သိရန်မဟုတ်။ နအဖရဲ့  လည်ပတ်နေတဲ့ စက်ယန္တယား မှန်သမျှ ရန်တန့် ရန် အစွမ်းကုန် ပြည်သူ့ ဝန်ထမ်းအားကို ပြကြပါစို့ ။ ခံစားနေကြရသော ပြည်သူအား ငဲ့ညှာစွာဖြင့် လက်တွဲကြပါစို့ ။

(ကိုNiknayman ရဲ့ Blog မှကူးယူဖော်ပြပါသည်)

Saturday, September 29, 2007

တပ်မ၂၂ ဗိုလ်ချူပ်တင်လှ၏ သမီးမိသားစု Sydney တွင်အခြေချနေထိုင်

၁၉၈၈ အရေးတော်ပုံကြီးကို ဘယ်သူမှမမေ့နိုင်ကြသလို ဒီအရေးတော်ပုံကြီးအတွင်း လူထုကိုသွေးအေးအေးနှင့် သတ်ဖြတ်ခဲ့တဲ့ တပ်မ၂၂ ကိုလည်း ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ပါ။ ဒီတပ်မ၂၂ ရဲ့အရေးအခင်းအချိန်က တပ်မမှုးတာဝန်ကိုယူခဲ့တဲ့ ခွေးဘီလူးတင်လှကိုလည်း ဘယ်တော့မှမေ့နိုင်ကြမည်မထင်ပါ။ သူ့ရဲ့တာဝန်ကြေပွန်စွာ သတ်ဖြတ်ခဲ့မှုများအတွက် န၀တ၊ နအဖက ကြီးစွာသော သူကောင်းပြူခြင်းကို ခံစားစံစားခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ထင်တိုင်းကြဲ ခိုးစားမှုများကြောင့်အခြင်းခြင်း အဝေမတဲ့မှုဖြစ်ကာ နောက်ပိုင်းမှာ ဖြူတ်ထုတ်ရှင်းခံခဲ့ရပါတယ်။ အခုကြားသိရတဲ့သတင်းအရ ၎င်း၏သမီးအိအိတင်၊ သမက်မိုးတင် နှင့် မြေးနှစ်ယောက် တို့ Australia နိုင်ငံ Sydney မြို့မှာအခြေချနေထိုင်နေကြောင်းနှင့် ၎င်းတို့နှင့်အတူ ခိုးရာပါရတနာများ ပါရှိလာကြောင်း ကြားသိရပါတယ်။

တော်ဝင်စတိုးကို သပိတ်မှောက်ကြ

စင်္ကာပူနိုင်ငံ ပင်နီစူလာပလာဇာက တော်ဝင်စတိုးဆိုင်ဟာ နအဖရဲ့မတရားရှိထားတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးနေတဲ့စီးပွားရေးတခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စင်္ကာပူရောက် ဘုန်းဘုန်းတပါးက ပြည်တွင်းရှိ သံဃာများအတွက် အလှုငွေကိုဒီဆိုင် မှတဆင့် လွှဲရန်မေးမြန်းတာကို ဆူပူကြိမ်းမောင်း လွှတ်လိုက်ကြောင်း ကြားသိ ရပါတယ်။ မျိုးချစ်မြန်မာများ အနေနဲ့ ဒီဆိုင်ကိုသပိတ်မှောက် ကြရန်နှင့်၎င်း၏ တရားမ၀င်လုပ်ငန်းများအား စုံစမ်းဖော်ထုတ်ပြီး စင်္ကာပူအစိုးရထံ အသိပေးတိုင်ကြားကြပါရန် တိုက်တွန်း နှိုးဆော်ပါတယ်။