Wednesday, October 31, 2007

မြတ်မြတ်ထွန်း(ဆန်ဖရန် စစ္စကို)ကို ဥပဒေအရအရေးယူနိုင်အောင် ကြိုးပမ်းကြ၊၊

ကိုမိုးသီးခင်ဗျား

ကျနော် ဆန်ဖရန် စစ္စကိုမြို့မှာ မြန်မာတဦး ဖြစ်ပါတယ်။ ကျနော်ဟာ လူတယောက်ကို သစ္စာစောင့်သိနေတာဟာ ကိုယ်ကို မွေးကျွေးလိုက်တဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူတွေကို သစ္စာဖေါက်သလို ဖြစ်နေတာကို ခံစားလာရတဲ့အတွက် ကျနော့် မိတ်ဆွေ မြတ်မြတ်ထွန်း အကြောင်းကို ပြောပြပါတော့မယ်။

မြတ်မြတ်ထွန်းဟာ အသက် ၄၅ နှစ်ခန့်ရှိတယ်။ ဗိုလ်ချုပ်ကျော်ဘ သမက် အေးထွန်း ရဲ့ အမ အကြီးဆုံး ဖြစ်ပါတယ်။ မြတ်မြတ်ထွန်းက ဆန်ဖရန် စစ္စကိုမှာ နေတယ်။ တေဇတို့ လိုအပ်တဲ့ ဇိမ်ခံကားနဲ့ ပစ္စည်းတွေကို မြန်မာပြည်ကို ပို့ပေးနေ တယ်။ ဆန်ရှင်လုပ်နေတဲ့ကြားက ၁၉၉၇ ခုနှစ်မှာ မာစီးဒီးကား သုံးစင်း မြန်မာပြည်ကို ပို့ပေးခဲ့တယ်။ ကားတွေက ဗိုလ်ချုပ် ကျော်ဘအတွက်လို့ သိရတယ်။

ဒါပေမဲ့ ကျော်ဘက ဖြုတ်ထုတ်သတ် မိသွားတဲ့အတွက် အေးထွန်းဟာ ဗိုလ်ချုပ်သန်းရွှေရဲ့ သား ထွန်းနိုင်ရွှေကို ကပ်ရတော့ တယ်။ ကားသုံးစင်းအနက် တစီးကို ထွန်းနိုင်ရွှေ ကို လျှော့ဈေးနဲ့ ရောင်းခဲ့တယ်။ တစီးကို ဝေလွင် (ဆိုနီ) ကို ရောင်းခဲ့တယ်။ ဝေလွင် ဆိုတာက တော့ ဆိုနီ ကုမ္ပဏီ ထုတ်ပစ္စည်းတွေကို မြန်မာပြည် တင်သွင်းခွင့်ရထားတဲ့သူ ဖြစ်တယ်။ မြတ်မြတ်ထွန်း ဟာ မြန်မာပြည်နဲ့ အမေရိကန်ကို သာကေတနဲ့ ရန်ကုန်လို သဘောထားပြီး ကူးချည်သန်းချည် သွားနေသူပါ။ မြန်မာပြည်မှာ ဟော်တယ်တွေ ဖွင့်ထားတယ်။ ပုဂံမှာ သာရပ ဟော်တယ်၊ ကြပ်ပြေးနေပြည်တော်မှာလည်း ဟော်တယ်တခု ဖွင့်ထားပါ တယ်။ ကော်လိပ်ဂျင်နေ၀င်းရဲ့သမီး သန္တာနေ၀င်းပါ ဖက်စပ် ပါဝင်နေပါတယ်။ သူမဟာ တေဇတို့ လိုအပ်နေတဲ့ ဇိမ်ခံကား တွေကို ပစ္စည်းတွေကို သူ့နာမည်သုံးပြီး တင်သွင်းနေပါတယ် ခင်ဗျား။ မြတ်မြတ်ထွန်းကို အရေးယူ ဆောင်ရွက်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်။ သူဟာလည်း ဦးတေဇတို့ကို နောက်ကွယ်မှာ အားပေးနေတဲ့သူ ဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ထားတယ် ဆိုပေမဲ့ မြတ်မြတ်ထွန်းတို့ လူတွေ စစ်အစိုးရကို အသက်ဆက် ပေးနေပါတယ်။ သူတို့ဟာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ လူစားမျိုးတွေပါ။

သူ့ မောင် ထင်ပေါ်ထွန်းဆိုရင် မြန်မာပြည်မှာ ရေတပ် ဗိုလ်ကြီးဘ၀နဲ့ တာန်ထမ်းဆောင်နေရင်း အမေရိကန်ကို လာခဲ့တဲ့သူ ဖြစ်ပါတယ်။ အမေရိကန်ရောက်တော့ နိုင်ငံရေး ခိုလှုံခွင့် ယူခဲ့ပါတယ်။ နိုင်ငံရေး ခိုလှုံခွင့်အောင်သွားတော့ ဒုက္ခသည် နိုင်ငံကူး လက်မှတ်ကိုကိုင်ပြီး ယိုးဒယားကို သွားတယ်။ ယိုးဒယားမှ တဆင့် တောလမ်းကနေ မြန်မာပြည်ကို ပြန်သွားတယ်။ သူ့အကို စီစဉ်မှုနဲ့ မြန်မာနိုင်ငံကူး လက်မှတ်အသစ်ကို ထုတ်ယူပြီး ထိုင်းနိုင်ငံကို ပြန်လာတယ်။ ထိုင်းနိုင်ငံရောက်တော့ အမေရိကန် ဒုက္ခသည် နိင်ငံကူးလက်မှတ်ကို ပြန်ယူပြီး အမေရိကန်ကို ပြန်လာခဲ့ပါတယ်။ ဒီလိုလူမျိုးတွေကလည်း အတော် များများ ရှိနေတယ်လို့ ကျနော်ကြားနေရပါတယ်။ ဒီလိုလူမျိုးတွေ ဘာကြောင့် အမေရိကန်နိင်ငံမှာ ခိုလှုံခွင့် ရနေပါသလဲ ဆိုတော့ ခင်ဗျားတို့ ဒီမိုကရေစီ အင်အားစုတွေထဲက လူတချို့ရဲ့ မကောင်းမှုတွေကြောင့် ပေါ့ဗျာ။ ခင်ဗျား ဒါတွေကိုလည်း စီစစ် ထောက်လှမ်းပြီး ဖေါ်ထုတ်ပေးသင့်ပါတယ်။ သူကိုလည်း တေဇတို့လို အရေးယူ ဆောင်ရွက်ပေးပါရန် ပန်ကြားအပ် ပါတယ်။

မြန်မာတဦး
ဆန်ဖရန် စစ္စကိုမြို့။

---------------------------------------------------------------------------------------------
မိတ်ဆွေခင်ဗျား
အခုလို အဖိုးတန် သတင်းတွေကိုပေးပို့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား။
အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေအရ မြန်မာပြည်ကို စီးပွားရေးလုပ်ခွင့် မရှိကြပါဘူး၊၊ ဒါပေမဲ့ အမေရိကန်ရဲ့  ဥပဒေ တွေဟာ ဟာကွက် ယိုကွက်တွေ ရှိနေတယ်ဆိုတာ ထင်ရှားနေပါတယ်၊၊ အဓိက ကတော့ ဥပဒေသာရှိပြီး Enforcement မရှိ ဘူးလို့ ကျနော် သုံးသပ်ပါတယ်၊၊ ဒါပေမဲ့ ကျနော်တို့က ဖေါ်ထုတ်နိုင်ရင် ဒီလိုလုပ်ရပ်တွေကို ဥပဒေအရ အကြုံးဝင်လာမှာ ဖြစ်ပါတယ်၊၊ ဒါကြောင့် ကျနော်တို့ဟာ သတင်းအချက်အလက်တွေ ပေးပို့ကြဖို့  မိတ်ဆွေတွေကို ပန်ကြားနေရတာ ဖြစ်ပါ တယ်၊၊ နိုင်ငံရေးခိုလှုံခွင့် ရပြီး မြန်မာပြည်ကို တရားမ၀င် ပြန်တဲ့ကိစ္စတွေ နိုင်ငံရေးခိုလှုံခွင့်ကို လိမ်လည်လျှောက်တဲ့ ကိစ္စတွေ ကိုလည်း ထိထိရောက်ရောက် အရေးယူနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်၊၊ သတင်းရသမျှ ကျနော်တို့ကို ပေးပို့ကြဖို့ပါ ခင်ဗျာ၊၊

အောင်ပွဲသို့
မိုးသီး

ကိုမိုးသီးရဲ့ Blog မှကူးယူဖော်ပြထားတာပါ။ http://komoethee.blogspot.com/

No comments: