Tuesday, October 30, 2007

Australia တွင်န၀တ၊ နအဖမိသားစုဝင်များ အခြေချနေထိုင်နေ

EU နှင့် USA တို့၏ယခင်ကတည်းကချမှတ်ထားခဲ့သော စီပွားရေးပိတ်ဆို့မှုများကြောင့် ၎င်းနိုင်ငံများသို့သွားရောက်ရန်မဖြစ်နိုင်သဖြင့် န၀တ နအဖတို့၏မိသားစုဝင်များ Australia နိုင်ငံတွင်အခြေချနေထိုင်ရန် မျက်စိကျခဲ့ကြကြောင်း ကြားသိထားပါတယ်။ အချို့မှာနေထိုင်ပြီး စီးပွားရေးလုပ်ငန်းများပင် ထူထောင်ထားပြီးဖြစ်သည် ဟု့သတင်းအချို့ကဆိုပါတယ်။ Australia နိုင်ငံရောက် မြန်မာများအနေနှင့် ၎င်းတို့၏သတင်းကိုသိရှိပါက Australia အစိုးရကိုတိုင်ကြားနိုင်ကြောင်း Australia အစိုးရမှ လိုအပ်သလိုရေးယူသွားမည်ဖြစ်ကြောင်း Australia အစိုးရနှင့်နီးစပ်သော သတင်းများအရ သိရပါတယ်။ Australia အစိုးရက မြန်မာအစိုးရမှစေလွှတ်ခဲ့သော သံအမတ်ကြီးအား စစ်အရာရှိဟောင်းဖြစ်၍ ပြန်လွှတ်ခဲ့သောသာဓကများရှိပြီိး၊ န၀တ နအဖတို့၏မိသားစုဝင်များသတင်းကို ပေးနိုင်ပါက ၎င်းတို့လည်းပြန်ပို့ခံရဖွယ်ရှိကြောင်း ကြားသိရပါတယ်။

No comments: